Recent

ကရင်လူငယ်အစည်းအရုံး ၏ အင်ထန်း ရက်တို သင်တန်း ဖွင့်ပွဲ ကျင်းပခြင်း


ကော်သူးလေ ကရင်လူငယ်အစည်းအရုံး ၏ အင်ထန်း ရက်တို သင်တန်း ဖွင့်ပွဲ
        ကော်သူးလေ ကရင်လူငယ်အစည်းအရုံး ၏ နွေရာသီ အင်ထန်း သင်တန်း ဖွင့်ပွဲ ကို ဧပြီလ ၈ ရက် နေ့  တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဤဖွင့်ပွဲ ကို နံနက် ၉း၀၀ နာရီ အချိန်တွင် ကျင်းပခဲ့ပြီး ဗဟို ကရင်လူငယ်အစည်းအရုံး ၏ လူမှုရေးတာဝန်ခံ စောဆာအယ်ထူး မှ “ ယခု သင်ယူလေ့လာ ကြမည့် သင်ခန်းစာများ အားလုံး ကို အပြည့်အ၀ မရယူ နိုင်သည့်တိုင် ရယူနိုင်မည့် သင်ခန်းစာ များကို လက်တွေ့ ပြန်လည်အသုံးချ ခြင်းဖြင့် အမျိုးသား ထုတရပ်လုံး ၏ အကျိုးကို သယ်ပိုးနိုင် ပါစေ ” ဟု တိုက်တွန်းအားပေးစကားပြော ကြားခဲ့ပါသည်။

          သင်တန်း စီစဉ်သူ စောဂျက်ပစီ မှ “ဒီ သင်တန်းရဲ့ ရည်ရွယ်ချက်ကတော့ ကရင်လူငယ် ကျောင်းသား ကျောင်းသူ တွေ အတွက် အရည်အသွေး မြှင့်တင် ဖို့ ပါပဲ။ နွေရာသီ ကျောင်း ပိတ်ရက် တွေမှာ စိတ်မလေ အောင်၊ အချိန် အလဟ မဖြစ်စေရအောင် ပေါ့ ” ဟု ရှင်းလင်း ပြောကြားပါသည်။ သင်တန်းသားဦးရေ မှာ ကျောင်းသား ၈ ဦး၊ ကျောင်းသူ ၄ ဦး စုစု ပေါင်း ၁၂ ဦး ဖြစ်ပါသည်။ သင်တန်းကာလ ကို ၂ လ (ဧပြီလ မှ မေလ အကုန်အထိ) သတ်မှတ်ထားသည်။

          ဘာသာရပ်များအနေဖြင့် “ အဓိက ကတော့ ကွန်ပျူတာ အခြေခံ ပဲဖြစ်ပါတယ်၊ အချိန်ရရင် တော့ အခြား လူမှုအကျိုးပြုနဲ့  ပတ်သက်တဲ့ ဘာသာရပ်တွေ၊ နောက်ပြီး အမျိုးသားရေး နဲ့  သက်ဆိုင်တဲ့ သမိုင်း၊တော်လှန်ရေး၊ လက်ရှိနိုင်ငံရေး အခြေအနေ သုံးသပ်ချက်တွေ ပေါ့ ” ဟု စီစဉ်သူ စောဂျက်ပစီ မှ ဆက်လက်ပြောပြပါသည်။

Share on Google Plus

About karenyouthktl

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment