Recent

ကရင့်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်း အကျဉ်းချုပ်

ကရင့်တော်လှန်ရေးအစပိုင်းတွင်
ကချင်တပ်များပူးပေါင်းပါဝင်မှု

မှတ်တမ်းအကျဉ်းချုပ်


သမိုင်းမှတ်တမ်း၏ ရည်ရွယ်ချက်

ဤသမိုင်းမှတ်တမ်း ကရင်တော်လှန်ရေးအစပိုင်းတွင် ကချင်တပ်များပူးပေါင်းပါဝင်မှု မှတ်တမ်းအကျဉ်းချုပ် စာ အုပ်ငယ်ကို ရေးသားပြုစုပေးသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူးအား ရပ်ဝေးကချင်လူငယ်အသင်း(Kachin Youth Association Abroad) မှ အထူးကျေးဇူးဥပကာရ တင်ရှိပါကြောင်း ဦးစွာမှတ်ကျောက်တင်အပ်ပါသည်။

ကရင်အမျိုးသားများနှင့် ကချင်အမျိုးသားများသည် ဘာသာရေး၊ သာသနာရေးသမိုင်းကြောင်းသာမကပဲ အမျိုး သားရေးသမိုင်းကြောင်း၊ နိုင်ငံရေး စစ်ရေးသမိုင်းကြောင်း၊ တော်လှန်ရေးသမိုင်းကြောင်းတွေမှာ မည်သို့နီးစပ်မှု ရှိခဲ့သည်ကို ဖြစ်ပြီးခဲ့သောတကယ့်ဖြစ်ရပ်မှန်တွေအရ သိရှိနိုင်သည်။

နောင်လာနောက်သား မျိုးဆက်လူငယ်များသိရှိထားပါက အကျိုးရှိမည်၊ အဖိုးတန်မည်ဟူသော မွန်မြတ်သည့် ရည်ရွယ်ချက်ဖြင့် ဤသမိုင်းမှတ်တမ်းကို ရပ်ဝေးကချင်လူငယ်အသင်း(KYAA)မှ တာဝန်ယူပြီး ပုံနှိပ်ထုတ်ဝေပါ
သည်။

အမှုဆောင်များ ရပ်ဝေးကချင်လူငယ်အသင်း
(1993 October)

မှတ်တမ်းရေးသားပြုစုသူ ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်း

ကျွန်တော်ဗိုလ်မှူးကြီး ဇော်တူးသည် ဗန်းမော်ခရိုင် ဘန်လင်ကျေးရွာတွင်မွေးဖွါးခဲ့သည်။
အသက် ၈နှစ်အရွယ် တွင် ကျွန်တော့်ဦးလေးနှင့်အဒေါ်အိမ်၌ နေထိုင်ခဲ့သည်။
အသက် ၉နှစ်အရွယ် ဗန်းမော်ခရိုင် စိန်လုံကဘားမြို့ရှိ အစိုးရကျောင်းတွင် စတင်ပညာသင်ကြားရာ ကျောင်းတက်
နေစဉ်အတွင်းဖျားသဖြင့် မိဘနေရပ်ဘန်လင်ကျေး ရွသို့ပြန်ပြီး၊ အသက် ၁၁နှစ်မှ ကျောင်းပြန်ဆက်တက်သည်။
စိန်လုံကဘားကျောင်းမှ နမ့်ခမ်းမြို့ ခရစ်ယာန်သာ သနာပြုကျောင်းသို့ ပြောင်းရွှေ့ပညာသင်ကြားသည်။
ထိုသို့ပညာသင်ကြားနေစဉ်အတွင်း ၁၉၄၂ခုနှစ်တွင် ဒုတိ ယ ကမ္ဘာစစ်ဖြစ်ကာ ကျောင်းများအားလုံးပိတ်၍ ပညာ
ဆက်လက်မသင်ကြားနိုင်တော့ပါ။
၁၉၄၂ခုနှစ် မတ်လ(၁)ရက်နေ့တွင် ဗြိတိသျှလက်အောင်ရှိ ပုလိပ်တပ်သို့ဝင်၍ ပုလိပ်ဝင်လုပ်သည်။ ထိုအချိန်က တလလျှင် ၂၄ရူပီး လစာရသည်။

၁၉၄၂ခုနှစ် မေလ ၅ရက်နေ့တွင် ဂျပန်တပ်များ ဗန်းမော်မြို့ကိုဝင်ရောက်သိမ်း ပိုက်သည်။
ဗြိတိသျှအစိုးရ အုပ်ချုပ်ရေးယန္တရားပျက်ပြားသွားပြီဖြစ်၍ ကျွန်တော်လည်းပုလိပ်မလုပ်တော့ပဲ ကျွန်တော့်ဦးလေး
နှင့် အဒေါ်အိမ်ပြန်နေသည်။
ထိုအချိန်တွင် ဖက်ဆစ် ဂျပန်အုပ်ချုပ်ရေးစနစ် စတင်နေချိန်ဖြစ်ပြီး ဖက်ဆစ်ဂျပန်များကိုတော်လှန်ရန်အတွက် ဗြိတိသျှတပ်တွင် ထောက်လှမ်းရေးတာဝန်ထမ်းဆောင်ခဲ့သည်။

ဗိုလ်မှူးကြီးခွန်နောင် ကထောက်လှမ်းရေးအ ရာရှိအဖြစ်တာဝန်ယူပြီး ဗိုလ်မှူးကြီးဇောဂျွန်း က အိန္ဒြိယပြည်မှလေ
ယာဉ်ဖြင့်အလောဘွမ်တောထဲ လေထီးဖြင့်ခုန်ချကာ ၀ိုင်ယာလက်စက်ဖြင့် ဖက်ဆစ်ဂျပန်များ၏လှုပ်ရှားမှုများကို သတင်းယူ သတင်းပို့ တာဝန်ယူသည်။
ဗိုလ်မှူးကြီးခွန်နောင်နှင့် ဗိုလ်မှူးဇော်ဂျွန်းတို့သည် ဗြိတိသျှအစိုးရတပ်မှ ကချင်အမျိုးသားတပ်မှူးများဖြစ်သည်။
ကျွန်တော့်အား ဗိုလ်မှူးကြီးခွန်နောင် က ဗန်းမော်လေယာဉ်ကွင်းတွင်ကူလီခေါင်းလုပ်ခိုင်း၍ ဂျပန်များ၏လှုပ်ရှား
မှုကို ထောက်လှမ်းခိုင်းသည်။
ကျွန်တော်လည်း လေယာဉ်ကွင်းဆောက်လုပ်ရာတွင် လိုအပ်သောအလုပ်သ နားများ စုစည်းခေါ်ယူရင်း ဗိုလ်
မှူးကြီးခွန်နောင်ထံ ပုံမှန်သတင်းပို့ခဲ့သည်။

နောက်များမကြာမှီ ဂျပန်များရု့းစိုက်ရာ ဗန်းမော်မြို့နှင့် လေယာဉ်ကွင်းအား ဗြိတိသျှလေတပ်မှ ဗုံးကြဲတိုက်ခိုက် သည်။ ဗိုလ်မှူးကြီးခွန်နောင်နှင့်အတူ စိန်လုံကဘားသို့ထွက်ပြေးသည်။ ထိုအချိန် ဗိုလ်မှူးဇောဂျွန်းလွှတ်လိုက်
သော တရုတ်တပ်မှတရုတ်များနှင့်လိုက်ပါသွားသည်။

၎င်းတရုတ်တပ်များဖြတ်သန်းခဲ့သောရွာများတွင် တရုတ် တပ်များ ဓါးပြတိုက်သဖြင့် ရွာသားများက ကျွန်တော်
တို့နှစ်ဦးအားဖမ်းဆီးရန် ဂျပန်ကိုတိုင်သည်။
ဗိုလ်မှူးကြီးခွန် နောင်၏ သားသမီးများကို ဒုက္ခမပေးပါ။
နောက်ပိုင်းဗြိတသျှတပ်နှင့်တွေ့ဆုံပြီး ဗြိတိသျှတပ်သို့ဝင်၍ ဖက်ဆစ်ဂျ ပန်များကိုတော်လှန်ရန် စစ်မှုထမ်းခဲ့သည်။

ထိုသို့ဗြိတိသျှတပ်တွင် စစ်မှုထမ်းနေစဉ်အတွင်း မြစ်ကြီးနားခရိုင် ၀ါးရှောင်၊ ဂွေထူဒေသများတွင်တာဝန်ထမ်း
ဆောင်နေစဉ် ဖျားသဖြင့်ဗြိတိသျှစစ်တပ်မှ အိန္ဒြိယပြည်နယ် အာသံ(Assam) သို့ဆေးကုရန် လေယာဉ်ဖြင့်ပို့ လိုက်သည်။

အာသံစစ်ဆေးရုံ၌ တလကြာ ဆေးကုသမှုခံယူပြီး ဗြိတိသျှစစ်တပ်မှ ၁လ နားခွင့်ပေးသည်။
ထို့နောက် အိန္ဒြိယပြည် ဥတရာပရာဒက်ပြည်နယ်ရှိ (Deharadun) မြို့သို့ ကျွန်တော့်အား စစ်သင်တန်းယူရန်ပို့ လိုက်သည်။
စစ်သင်တန်းပြီးသည့်နောက် ပန်ဂျပ်ပြည်နယ် ဟူရှာမြို့တွင်တာဝန်ထမ်းဆောင်နေစဉ် ဒုတိယကမ္ဘာစစ်ကြီး ပြီး
ဆုံးသွားသဖြင့် မြန်မာပြည်သို့ သင်္ဘောဖြင့်ပြန်လာခဲ့သည်။

ကျွန်တော်၏ မိခင်တပ်ရင်းမှာ (2nd-Burma Rifle)ဖြစ်သည်။ စစ်ပြီးနောက်ပိုင်း (1st-Kachin Rifle)သို့ပြောင်းပြီး ဗမာပြည် ကွန်မြူနစ်များကိုတိုက်ရင်း ဖဆပလ ခေတ် ကရင့်တော်လှန်ရေးပေါ်ပေါက်လာသဖြင့် ဗိုလ်ချုပ်နော် စိုင်း ဦးဆောင်သော ကချင်တပ်နှင့် ကရင်တပ်များပူးပေါင်းသော တော်လှန်ရေးလှုပ်ရှားမှုတွင်ပါဝင်ခဲ့ပြီး ဖဆပလ အစိုးရကိုတော်လှန်ရင်း ယခုတိုင် ကရင်နယ်မြေတွင်ကျန်ရစ်ခဲ့သည်။

ဗိုလ်မှူးကြီးဘန်လင်ဇော်တူး

(ဤတွင် ဗိုလ်မှူးကြီးဘန်လင်ဇော်တူး၏ ကိုယ်ရေးအကျဉ်းပြီး၏)

ရှာဖွေရေးသား ဖေါ်ထုတ်သူ

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

ဆက်လက်ရေးသားဖေါ်ပြသွားပါမည်။ 

http://www.kwekanyaw.net/2012/06/blog-post_22.html
Share on Google Plus

About Ka Shee

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment